(မရိုမသေ) သူမရဲ့ မိန်းမကိုယ်က သွေးတစက် တစက်ကျလိုက်တိုင်း သူမမျက်နှာပေါ်မှာ ဇီးကင်းလောက်ရှိတဲ့ ချွေးစက်တွေဟာ မရေတွက်နိုင်အောင်ဘဲ ထွက်ရတယ်။
ဝေဒနာကို မခံနိုင်လို့ လူးလိမ့်အော်ဟစ်ငြီးငြူနေတဲ့ သူမကို အမျိုးသမီး၂ဦး လက်မောင်းတဖက်တချက်ကနေ ဆွဲမပြီး အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ ပုံစံကြီးထိုင်ရတဲ့ အနေအထားမျိုး ဆောင့်ကြောင့်လည်း မကျ၊ မတ်တပ်လည်း မထရတဲ့ အနေအထားမျိုး လုပ်ခိုင်းတယ်။
သူမဟာ နာကျင်လွန်းလို့ နီးစပ်ရာ သံတန်းကို ပိန်လိန်သွားမတတ် ဆုပ်ကိုင်ရင်း သားအိမ်ထဲက ဝေဒနာ ဝန်ထုတ်ဝန်ပိုးကြီးကို အားကုန်ညှစ်ထုတ်ချလိုက်တဲ့ အဆုံးမတော့ .......
ဒေါင် ဒေါင် ဒေါင် ဒေါင်.....ဆိုတဲ့ နာရီသံ ၁၂ချက်မြည်တဲ့ အကာလ ညဉ့်နက်သန်းခေါင် ချမ်းချမ်းစီးစီး အချိန်ကြီးမှာ " ဖွမ်း" ကနဲ အသံသဲ့သဲ့အတူ သွေးတွေ၊ ရေတွေနဲ့ရောပြီး ကျွန်ုပ်တယောက် လူ့ပြည်ကြီးကို ဇောက်ထိုးကြီး ကျလာပါလေရော.....
အချိန်က ၁၉၇၆ခု၊ နိုဝင်ဘာလ (၁၃)ရက်၊ စနေနေ့ည ၁၂နာရီပေါ့။
လွန်ခဲ့တဲ့ (၃၇)နှစ်တိတိက ကျွန်ုပ်ကို အသက်နဲ့ရင်းပြီး ဒုက္ခကြီးစွာ မွေးပေးခဲ့တဲ့ အမေ့ကို ရှိခိုးဦးချကန်တော့ပါတယ်။
အမေတယောက်တည်းတင်မကပါဘူးလေ၊ လောကကြီးမှာ မိခင်စိတ်အပြည့်နဲ့ ကိုယ့်ရင်သွေးကို မွေးပေးခဲ့တဲ့ မိခင်များအား ကျွန်ုပ်ရဲ့ မွေးနေ့တွင် လေးစားစွာ မေတ္တာပို့သပါ၏။
(မှတ်ချက်.....မိခင်(မိန်းမ)တယေ
နန္ဒာ
0 comments:
Post a Comment