လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, March 29, 2014

မျက်နှာလေး တင်းရင်းစိုပြေစေဖို့။

Oatmeal ဆိုတာ မြန်မာလို မုန့်ဆန်းလုပ်တဲ့ ဆန်လား၊ မြင်းစားဂျုံလား၊ မုယောစပါးလား တော့ မသိဘူး။ ကွေကာအုတ်လုပ်တဲ့ အနှံဆိုပါတော့။
ပြောချင်တာက အဲသည့် oatmeal က အသားအရေ လှပပြည့်တင်းဖို့အတွက်ကို အတော်လေး အထောက်အကူ ပြုတယ်ဆိုတာပါ။
ကိုယ်တိုင် လက်တွေ့သုံးစွဲပြီးလို့ မိတ်ဆွေများကို ပြန်မျှတာပါ။ အမျိုးသမီးရော အမျိုးသားပါ သုံးလို့ရပါတယ်။ သဘာဝစစ်စစ် ဖြစ်တဲ့အတွက် ဘေးဥပါဒ်ဖြစ်ဖို့ အလားအလာ အတော်လေး နည်းပါတယ်။
သုံးနည်းက အလွယ်လေးပဲ။
Oatmeal ကွမ်းသီးလုံးလောက်ကို အဆောက်အဦဆောက်ရာမှာ သုံးတဲ့ မဆလာများနယ်သလို ရေသန့်သန့်လေးနဲ့ ခပ်ပျစ်ပျစ်လေး နယ်ပြီး၊ မျက်နှာပေါ်မှာ သုတ်လိမ်းပါ။ ပေါင်းတင်သလိုမျိုးပေါ့။ ၁၀မိနစ်လောက်ကြာရင် မျက်နှာသစ်ချလိုက်ပါ။
(၇)ရက်လောက်ပဲ လုပ်ကြည့်လိုက်ပါ။
သိသာစွာ နုအိစိုပြေကာပြောင်တင်းဝင်းမွတ်လာတဲ့ မျက်နှာလေးဖြစ်လာပါလိမ့်မယ်။
နိုင်ငံတကာမှာ ၀ယ်လို့ရသလို၊ ဈေးလည်းမကြီးပါဘူး။
 
နန္ဒာ

0 comments:

Post a Comment