လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, June 2, 2012

အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်


အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာကို ဂျပန်ကျောင်းသားတစ်ဦး စတင်


ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။

အသုံးပြုမည့် သူနှစ်ဦးစလုံး၌ ...

Sunday, May 13, 2012

အမေ ကျေနပ်မှာပါလေ။

by Ma Nandar on Monday, May 14, 2012 at 12:47am ·
လာပြီဟေ့ ဗြိစ္ဆာ

နေ့ရက်က စနေနဲ့တနင်္ဂနွေနဲ့ကြား။
လရာသီက တန်ဆောင်မုန်းလ။
အချိန်က ည၁၂နာရီတိတိ သန်းခေါင်ထက် ညဥ့်မနက်တဲ့အချိန်။
ကောင်းကင်မှာ ကြယ်တာရာနက္ခ စုံလင်ချိန် ရန်ကုန်မြို့  အလုံမြို့နယ် ချမာဘီဆေးရုံတွင် ကျွန်ုပ်ကို အမေ မွေးဖွားခဲ့ပါသည်။
မွေးချိန်သာ ကိုးလိုးကန့်လန့်ကျရုံမကဘဲ မွေးဖွားရာတွင်လည်း လွန်စွာမှပင် နာကြင်ခက်ခဲစွာဖြင့် သွေးတစက်စက်ဖြင့် အသက်နှင့်ရင်းပြီး ဆောင့်ကြောင့်ထိုင်ကာ မွေးဖွားခဲ့ရသည်ဟု ဆိုပါသည်။ ကျွန်ုပ်လူ့ပြည်သို့ ဇောက်ထိုးကျရောက်လာချိန်တွင် ကျွန်ုပ်မိခင်မှာ သတိလစ်သွားခဲ့ရပါသည်။

ထိုအချိန်မှစ၍......တိုင်ပါတော့သည်

ကျွနု်ပ်မိခင် သတိပြန်ရသောအခါ သူနာပြုဆရာမက ကျွနု်ပ်သည် လွန်စွာ အသံပြဲကြောင်း၊ မွေးမွေးပြီးချင်း ညကြီးသန်းခေါင် အာခေါင်ခြစ်ပြီး အော်ငိုသံကြောင့် အခြားwardမှ အိပ်ပျော်နေသော ကလေးများလန့်နိုးပြီး ငိုကုန်ကြသဖြင့် သူတို့အတော်အလုပ်ရှုပ်သွားကြောင်း၊ အငိုတိတ်စေရန် နို့ဖျော်တိုက်ရာတွင်လည်း ပါးစပ်နဲ့ ရာဘာနို့သီးခေါင်း မဆန့်သော်လည်း တပုလင်းထဲနဲ့ မလောက်ဘဲ မွေးမွေးချင်းကို ၂ပုလင်းကုန်အောင် အဆက်မပြတ်  အငတ်ဘုံကမ္ဘာမှ လာသကဲ့သို့ တုန်ခါနေအောင် စို့ကြောင်း၊ ဒီကလေးတော့ မလွယ်ကြောင်းတို့ကို ကျွနု်ပ်မိခင်အား တိုင်ပါလေတော့သည်။
(ဤသည်မှာ ကျွနု်ပ်တရက်သမီးအချိန်တွင် ပထမဦးဆုံးအကြိမ် ကျွနု်ပ်ကြောင့် အမေမျက်နှာ ပျက်ခဲ့ခြင်း ဖြစ်ပေသည်)

မြန်မာပြည်မှ ကလေးအတော်များများမှာ ၆လခန့်အရွယ်တွင် သွားငုတ်တုတ် လူငုတ်တုတ် ဖြစ်တတ်ကြသော်လည်း ကျွနု်ပ်မူကား ......

Sunday, April 22, 2012

ဟင်္သာတ မုန့်ဟင်းခါး ချက်နည်း ။

by Kyaw Lwin San on Sunday, April 22, 2012 at 7:22pm ·
လိုအပ်သော ပစ္စည်းများ ။
------------------------------
၁။ မုန့်ဟင်းခါး  ၁၀ ပိသာ ။
၂။ ငါးကြင်း ...... ၂ ပိသာ ၊(အသား သက်သက်)
၃။ ကုလားပဲခြမ်း....  ၁ ပိသာ ၅၀ ကျပ်သား ၊
၎။ ဆန်လှော်မှုန့် .... နို့ဆီဘူး ၂ လုံး ( ၃၀ ကျပ်သား ခန့် )
၅။ ပဲဆီ  ....... ၇၅ ကျပ်သား ၊
၆။ ငါးငံပြာရည်(အချို)  ...၅၀ ကျပ်သား
၇။ ကြက်သွန်နီ.....၁ ပိသာ ၅၀ ကျပ်သား ။
၈။ ကြက်သွန်ဖြူ..... ..၁၅  ကျပ်သား ။
၉။ ဂျင်းတက်........၁၀ ကျပ်သား ၊
၁၀။ငြုပ်သီး အရောင်တင် (အပု)မှုန့် .... ၇ ကျပ် ခွဲသား ၊
၁၁။ နနွင်းမှုန့်  ...အနည်းငယ် ၊
၁၂။ ပဲ ငံပြာရည် (အပျစ်)..... လက်ဘက်ရည် ပုဂံ တစ်လုံး
၁၃။ ငြုပ်ကောင်းမှုန့် ......ဟင်းခတ်ဇွန်း တစ်ဇွန်း ခန့်
၁၄။ အချိုမှုန့် .....ဟင်းခတ်မှုန့် .......
သကြား.... ..ဆား.....အနည်းငယ်စီ...။ ။ ။
........................................................................
ဟင်းချက်နည်း......

Tuesday, April 17, 2012

ပညာဒါန

UThant School Democracy

ကျက်သရေရှိသော သင်္ကြန်(၂၀၁၂)

by Ma Nandar on Monday, April 16, 2012 at 5:19pm ·
မနက်ဖြန်ဆိုရင် မြန်မာ့ရိုးရာ အတာသင်္ကြန် ပြီးဆုံးပြီပေါ့။ ဒီနှစ်မှာတော့ ၁၀စုနှစ်တခုအတွင်း ထူးခြားတဲ့ သင်္ကြန်လို့ ဆိုနိုင်ပါတယ်။ ဘာတွေ ထူးခြားလဲဆိုတော့...

အလှပဆုံး ထူးခြားမှုကတော့ မြန်မာပြည်ကို တကယ်ချစ်တဲ့ မြန်မာ့ဒီမိုကရေခေါင်းဆောင်တို့ မြန်မာ့အတာ သင်္ကြန်ကို ဆင်နွှဲခွင့်ရတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကနေ ရေလှမ်းပက်ဖြန်းနေတဲ့ ပုံရိပ်၊ ကိုမင်းကိုနိုင်တို့ရဲ့  စူးရှထိမိလှတဲ့ သံချပ်သံတွေနဲ့ တက်ကြွနေတဲ့ သင်္ကြန်ဟာ အင်မတန်မှပဲ လှပခဲ့ပါပြီ။

ဒီနှစ်မြန်မာပြည်မှာ သင်္ကြန်ကျသူများအားလုံးကို ကျွနု်ပ် လှိုက်လှိုက်လှဲလှဲကြီး အားကျမိပါရဲ့......

နောက်တခုက မန္တလေးမြို့ရဲ့ ကျက်သရေဆောင် အလှပြကားကြီးများလည်း ယခင်နှစ်များထက် အရေအတွက် ပိုမိုများစွာ၊ ခေတ်မီလှပစွာ မြင်တွေ့ရတာဟာလည်း ရိုးရာသင်္ကြန်ရဲ့ အလှကို ပေါ်လွင်စေခဲ့ပါတယ်။

သည့်ထက်မက ဟင်း...ချနိုင်တဲ့ ကိစ္စကတော့ သင်္ကြန်တွင်းမှာ ဘာဗုံးပေါက်ကွဲမှုမှ မရှိတာပါပဲ။ မြန်မာပြည်မှာ ရက်စက်မှုတွေ လျော့ပါးစ ပြုလာလေပြီလား။

ပိုပြီး ကျက်သရေရှိတဲ့ မြန်မာ့နှစ်သစ်ကူး ဖြစ်ချင်ရင်တော့ ကျန်ရှိနေသေးတဲ့ ယုံကြည်မှုကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများကို မနက်ဖြန် မြန်မာနှစ်ဆန်းတရက်နေ့မှာ လွှတ်ပေးလိုက်ဖို့ပါပဲ။

အဲ...သို့သော်လည်း...........ဒီနှစ်သင်္ကြန်မှာ လက်နက်ခဲယမ်းမီးကျောက် အမျိုးအစား ဗုံးတလုံးမှ မပေါက်ကွဲပေမယ့် တိုင်းပြည်အတွက် အမျိုးသားရေးအတွက် ရင်လေးစရာ မြန်မာ့ယဉ်ကျေးမှုကို မှေးမှိန်ပျက်သုံးစေတဲ့  အဆိပ်သင့်ဗုံးတွေကတော့ ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ပေါက်ကွဲခဲ့တာကို  on lineကနေ၊ ပြည်တွင်းမှ မိတ်ဆွေများထံကနေ ကြားခဲ့ မြင်တွေ့ခဲ့ရပါတယ်။

အဲဒါကတော့ အချို့သော  မြန်မာအမျိုးသမီးများရဲ့  မဆင်မခြင် အရှက်သိက္ခာမဲ့စွာ ဝတ်စားဆင်ယင်မှု၊ ပြုမူနေထိုင်မှုတွေပါပဲ။ဒါဟာ အမျိုးသားယဉ်ကျေးမှုအတွက် အင်မတန် ကြောက်စရာကောင်းတဲ့ ဗုံးတလုံးပါပဲ။

ဒါကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး အခုချိန်မှာ ရေငုံနှုတ်ပိတ်ပြီး လက်ခံနေလိုက်ရင် နောက်လာမယ့် အနာဂတ်မှာ မိမိသားသမီးများက သင်္ကြန်အချိန်မှာ ဒီလိုတွေဖြစ်နေလို့ ကိုယ်က ဆုံးမလိုက်ရင်    “ ဘာတွေလာပြောနေတာလဲ၊ အခုမှ ဒီလိုဝတ်တာမဟုတ်ဘူးလေ၊ ၂၀၁၂လောက်ကတည်းက ဒီလိုကဲလာကြတာပဲဟာ။ အဖိုးကြီးအဖွားကြီး နားငြီးတယ်“..ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

မြန်မာမလေးတွေ ကိုးရီးယားရုပ်ရှင်ကားတွေကြည့်ပြီး အမူးလွန်လို့ ကိုယ့်ချစ်သူက ကုန်းပိုးခေါ်ရတာကို အားကျတယ်ဆိုရင်လည်း တခုတော့ သိထားသင့်တာက ကမ္ဘာပေါ်မှာ ကိုရီးယားနိုင်ငံဟာ ကလေးဖျက်ချမှု စံချိန်အမြင့်မားဆုံး နိုင်ငံဖြစ်နေတယ်ဆိုတာကိုပါပဲ။
ကလေးဖျက်ချခြင်းဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုအနေနဲ့ပဲ ကြည့်ကြည့်၊ ဗုဒ္ဓဘာသာ အနေနဲ့ပဲ ကြည့်ကြည့် ဘယ်လိုမှ မသင့်တော်တဲ့ ကိစ္စပါ။

အခုလို မြန်မာယဉ်ကျေးမှု အတာအသင်္ကြန်မှာ မဆင်မခြင် မူးယစ်သောက်စားဝတ်စားပျော်ပါးနေထိုင်ခြင်းကြောင့် ဘာကောင်းကျိုးရလဒ်တခုမှ မရနိုင်ပါဘူး။ ဆိုးကျိုးတွေကတော့ တသီကြီးပဲနော့။
အနည်းဆုံးအနေနဲ့ မိမိပတ်ဝန်းကျင်မှာ လူကဲ့ရဲ့တာ၊ အထင်သေးတာ ခံရမယ်။
အလယ်အလတ် အနေနဲ့ အဲလို မိန်းကလေးမျိုးကို ဘယ်အမျိုးသားကောင်းကမှ တန်ဖိုးမထားတော့သလို၊ အိနြေ္ဒသိက္ခာရှိတဲ့ အလုပ်အကိုင်ကောင်း ရဖို့ အခွင့်အလန်းတောင် မလွယ်တော့ပါဘူး။ အခုခေတ်က အရင်လို ရန်ကုန်မှာကဲပြီး မန္တလေးမှာ ကိုယ်ဖျောက်နေလို့ ရတာမျိုးမဟုတ်တော့ဘူး။
အများဆုံးအနေနဲ့တော့ ဘဝပျက်မယ်။

ဝတ်စားဆင်ယင်မှု၊ လူ့ယဉ်ကျေးမှုတွေနဲ့ ပါတ်သက်ပြီး ရေးမယ်ဆိုရင်တော့ အများကြီးပါလေ။ သိပ်ပြောရင် နားညီးတတ်တယ်။ သိပ်ရှည်ရင် ခေါက်ပြီး သိမ်းထားခံရတတ်တယ်။ ဒါကြောင့် ခေတ်မီ ညီမလေးများကို လိုရင်းပြောရရင်တော့ ကိုယ့်ကိုကိုယ်ချစ်ရင်၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားရင် ခေတ်မီတာနဲ့ ခေတ်လွန်တာကို ခွဲခြားမြင်တတ်စေချင်တယ်။

လောကကြီးမှာ ဘယ်မိန်းကလေးကမှ ပြည့်တန်ဆာ မဖြစ်ချင်ဘူး။
အားလုံးဟာ ဘုရင်မနဲ့ မိဖုရားချည်းပဲ ဖြစ်ချင်ကြမှာပဲ။ ဒါပမေယ့်  အခြေအနေ အရပ်ရပ်ကြောင့် ဘဝအခြေအနေ အမျိုးမျိုး ဖြစ်နေကြရတာပဲ။
ဒါပေမယ့် ဘဝပေး အခြေအနေနဲ့ ဘာမှ မဆိုင်ဘဲ သက်သက်မဲ့ ဒီသင်္ကြန်တွင်း (၃) (၄)ရက်လေး လူတွေ ကိုယ့်ကိုဝိုင်းကြည့်ဖို့ အတွက်၊ ထင်ပေါ်ကျော်ကြားဖို့အတွက်ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးမချလိုက်ကြပါနဲ့။

တကယ် အရည်အချင်းရှိတဲ့ မိန်းကလေးဟာ ဘယ်နေရာ ရောက်ရောက် သူ့အရည်အချင်းကြောင့် လင်းပါတယ်။
ကျွနု်ပ်တို့ မြန်မာနိုင်ငံမှာ............အသက်က (၇၀)နားနီးနေတဲ့ အဖွားအရွယ် အမျိုးသမီးကြီး၊
ဝတ်စားပုံကလည်း ဘယ်နေရာ ဘယ်အချိန် ဘယ်အခန်းအနားပဲ ဖြစ်ဖြစ်  မြန်မာအကျီ င်္နဲ့လုံခြည်။
နေခဲ့ရတာက အနှစ်(၄၀)လောက်က နိုင်ငံခြား တိုင်းပြည်တွေမှာ။
အနှစ် (၂၀)နီးပါးက မြန်မာပြည်မှာ နေအိမ်အကျယ်ချုပ်။
ဒါပေမယ့် သူ့မှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ အရည်အချင်းတွေရှိနေတယ်။ သူဘယ်တော့မှ ခေတ်နောက်မကျဘူး။
မြန်မာအကျီ င်္ဝတ်ထားတဲ့ သူ့ကိုယ်ပိုင်အရောင်က လင်းလိုက်တာမှ တကမ္ဘာလုံးအသိ၊ တကမ္ဘာလုံးအကြား၊ တကမ္ဘာလုံးအမြင်။
အတုယူစမ်းစေချင်တယ် မယ်ရင်ဖေါ်၊ တင်ဖေါ်၊ဗိုက် ချက်ဖေါ်တို့ရယ်။

အချုပ်ဆိုရသော် တိုင်းတပါးယဉ်ကျေးမှုကို လေ့လာပါ။ လေ့လာတဲ့နေရာမှာ အမှန်အတိုင်း အစအဆုံး မြင်အောင်လေ့လာပါ။ သူ့နေရာနဲ့သူ ဝတ်တတ် စားတတ် နေတတ်ကြပါစေ။  မြန်မာပြည်ရဲ့ သင်္ကြန်အလှကို သရုပ်ပျက် ယဉ်ကျေးမှုဗုံးနဲ့ မပစ်ခွဲ၊ မဖျက်ဆီးကြပါနဲ့။ ဗမာအကျီ င်္ဝတ်ပြီး ရေကစားရမယ်လို့ မပြောပါ။ ခေတ်မီ ပေါ့ပါးလွတ်လပ်ပြီး လုံလုံခြုံခြုံလေး ဖြစ်ရင်တော်ပါပြီ။

တိုင်းတပါးရောက်မြန်မာလူမျိုးတို့အတွက် ငါတို့ရဲ့ မြန်မာ့ ယဉ်ကျေးမှု အစစ်ဟာ ငါတို့ပြည်မှာ အများကြီးရှိတယ်၊ ငါတို့ မြန်မာပြည်ရဲ့ မိန်းကလေးတွေမှာ အများကြီးရှိတယ်လို့ ဂုဏ်ယူချင်လွန်းလို့ပါ။ လက်ညှိုးထိုးပြချင်လွန်းလို့ပါ။
အေးနန္ဒာအောင်(ဂျပန်)

Tuesday, April 3, 2012

“မုတ်သုန်ဦး (တေးကြို)” ကဗျာ

အိုရယ် ... မုတ်သုန်ဦး၊ မြူးလော့
ထူးတင့်တင့် သင့်ဂုဏ်သရေကို။

မှိုင်းညို့ ဆိုင်းဆို့ ၊ အာကာမို့ ၍
ပြို့ မလို့ လို၊ သို့ လိုလိုလျှင်
ခိုးရိုက်မှောင်ပတ်၊ ပဇ္ဖုန်နတ်သည်
သွန်းလက်မွှန်းအောင်၊ ရွာညွှန်းယောင်နှင့်။

ဘင်္ဂလားအော်၊ ပင်လယ်အော်မှ
စစ်ဆော်စည်မောင်း၊ ခြိမ့်ခြိမ့်လောင်းလျှက်
သိန်းသောင်းဗိုလ်ပါ၊ ချီလေရာတွင်
မဟာတပ်မှုး၊ မုန်သုန်ဦး။

ရိုးမကိုကျော်၊ မိုးပေါ်သို့ ကပ်
တိမ်ထပ်သို့ ပေါင်း၊ တိမ်မောင်းသို့ ချို
တိမ်ညိုသို့ နွဲ့ ၊ စစ်နယ်ချဲ့ ၍။

ရွာတော့မယောင်၊ ရွာမယောင်နှင့်
ရွာယောင်မှိုင်းရစ်၊ ဤသည့်ခေတ်ဝယ်
သနစ်သနာ၊ ထူးဆန်းစွာသား
ဂန္ဒာလရာဇ်၊ ပြည်အသစ်မှ
ထစ်ထစ်မြည်အောင်၊ မုတ်သုန်မှောင်သည်
တောင်ပံကိုဖြန့် ၊ ကျွန်းလုံးနှံ့ ၍
ပြည်ဝှန့် မြန်မာ၊ ဆိုက်ရောက်လာသည်
ချိန်ခါငါတို့ ၊ လူ့ ခေတ်သို့ ။

ဝဿန်တိုင်းလျှင်၊ မှိုင်းမှိုင်းပျပျ
ပင်လယ်ဝမှ၊ မြူးကြွမုတ်သုန်
ချီလာတုန်သော်၊ ရွှေဘုံတိုင်းမ
ရပ်ဌာနသည်၊ မ၀၀မ်းစာဖြစ်သတည်း။

ဂန္ဒာလရာဇ်၊ ပြည်အသစ်မှ
ထစ်ထစ်မြည်အောင်၊ မုတ်သုန်ဆောင်သည်
တောင်ပံကိုဖြန့် ၊ ကျွန်းလုံးနှံ့ ၍
ပြည်ဝှန့် မြန်မာ၊ ဆိုက်ရောက်လာသည်
ချိန်ခါငါတို့ ၊ လူ့ ခေတ်သို့ ။


ကဗျာဟာ သမားရိုးကျ မိုးဘွဲ့ ကဗျာ မဟုတ်ပါဘူး။ နိမိတ်ပုံတွေ
သင်္ကေတတွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်တကြီး
တမ်းတလိုက်တဲ့ ကဗျာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း
(၁၉၅၀) ထဲက ကဗျာဖြစ်ပါတယ်။

တက္ကသိုလ် နန္ဒမိတ်

Saturday, March 17, 2012

အနှိုင်းမဲ့ရတနာ

မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။
(29/11/2010)နေ.က တွေ.မြင်ရပုံ ဖြစ်ပါသည်။

မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရား မျက်လုံးတော်ပွင့်သည်ကို မေးလ်မှ ပေးပို့ထားတာလေးကို ကြည်ညိုရအောင် မျှဝေခြင်းဖြစ်ပါတယ် ဘုရားရှင်တော်
သပ္ပါယ်စွာ ကြည်ညိုဖွယ်ရာ ဖူးမျှော်ကြစို့လားးးးး
လွန်ခဲ့သော နှစ်ပေါင်း 2500 ကျော်က ဤကမ္ဘာပေါ်မှာ ဗုဒ္ဓဆိုတဲ့ ဥာဏ်အလင်းပွင့်ခဲ့တဲ့ လူသားတစ်ဥိး ပေါ်ထွက်လာခဲ့ပါတယ်..သူ့ လိုလူမျိုး နောက်ထပ်ဘယ်သောအခါမှ မရှိနိုင်တော့လို့  အရှားပါးဆုံးသော တုနှိုင်းမဲ့ရတနာအဖြစ် အားလုံးက သတ်မှတ်ခဲ့ကြပါတယ်..။