လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Sunday, March 2, 2014

" မိအေးတခါ နာသွားသည် "

ယူကရိန်းအရေးလည်း
မိအေး မတွေးချင်တော့ပါ

အမေစုအတွက် ခြေဥပြင်ကြလည်း
မိအေးကတော့ လေဥ မဥချင်တော့ပါ

၉၆၉ ကြောင့် သာသနာပြယ်လည်း
မိအေးရင်မှာ စေတီတည်လျက်ပါ

ပုဝါတကားကားနဲ့ အခမ်းအနားမသွားရလည်း
မိအေးဘဝနွမ်းမသွားပါ

ဘဝသင်ပုန်းကြီး မကျေညက်သေးတဲ့မိအေး
တမျိုးသားလုံးစာတတ်မြောက်ရေး ဘယ်လိုဆွေးနွေးမလဲ

လက်ပန်းတောင်းတောင်ကြီး ပြိုမယ့်အရေးထက်
သူမရဲ့ မြင့်မိုရ်တောင် ပြိုမယ့်အရေးက မိအေးရင်ကို ပိုလေးစေတယ်

မိအေးတတ်တဲ့ ဘာသာစကားများထဲမှာ
သူ့ကိုယ်သူ နားလည်စေတဲ့ ဘာသာစကား မပါသေးပါ

" ခြင်္သေ့မဟုတ်ပေမယ့် တစ်ကောင်တည်းပဲ၊
ဘယ်သူ့မှေ-ာက်ဂရုမစိုက် "
ခပ်မိုက်မိုက်ဆိုလိုက်တဲ့ စိန်ခေါ်သံစကားလုံး
မိအေးအသဲနှလုံးမှာ ပဲ့တင်ထစ်ချုန်းနေပြီ

ဒီတော့လေ.......
နှစ်ခါမနာချင်တော့တာ မိအေးလိမ္မာတာပါ။

နန္ဒာ
၂၀၁၄.မတ်လ.၀၂.


0 comments:

Post a Comment