လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Wednesday, February 16, 2011

နှင်းကျည


ဘာရယ်မဟုတ်ပါဘူး။ အဲသည့်နေ့က အလုပ်လုပ်နေရင်း နာရီပိုင်းအတွင်းမှာ နှင်းတွေက သိပ်သိပ်သည်းသည်းကျလာတော့ အလုပ်စောစောပိတ်ပြီး ရထားနဲ့အိမ်ပြန်လာရတယ်။ စက်ဘီးကို အလုပ်ထဲမှာထားခဲ့ရတယ်။ ဘားဂျက်က ၂ခါထိခိုက်တယ်။ အလုပ်မလုပ်ရတဲ့အတွက်ရော၊ ရထားခကုန်တဲ့အတွက်ရောပေါ့။ ချစ်သူများနေ့မှာ ကျတဲ့နှင်းမို့ တချို့က ROMANTICဖြစ်တယ်ပြောကြတယ်။ ကျွန်ုပ်အတွက်ကတော့ ဘူ ကျတာပဲ။ ချမ်းကလည်းချမ်းသေးတယ်။ စိတ်တိုတိုနဲ့ အိမ်ပြန်ရောက်ရောက်ချင်း ခေါင်မိုးပေါ်တက်ပြီး ညကြီးမင်းကြီး နှင်းတွေကြားမှာပဲ ဓါတ်ပုံတွေရိုက်ပစ်လိုက်တယ်။ ဂျပန်ကိုလွမ်းတဲ့ မိတ်ဆွေတချို့ကိုပို့ပေးဖို့ပါ။ တချို့ကလည်း ဂျပန်အကြောင်းစိတ်ဝင်စားတယ်ဆိုတော့ blogမှာပါ တင်လိုက်တာပါ။ ကျွန်ုပ်အိမ်မှမြင်ရသော "နှင်းကျည" ပေါ့။

2 comments:

ဆူးသစ် said...

နှင်းတွေကို မြင်ဖူးချင်တာ။ ဖူဂျီယာမာတောင် နဲ့ ကမာကူရ ဘုရား မဖူးခဲ့ရတဲ့ ကျွန်တော့်အတွက် ဂျပန်ကို နောက်တစ်ခေါက်ရောက်ခွင့် ရှိသေးရဲ့လားတောင် မသိပါဘူးဗျာ။

Unknown said...

ကိုဆူးသစ်သာ kamakura ဆင်းတုတော်ရှေ့မှာ ဂျပန်ကိုနောက်တခေါက်ရောက်ချင်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းဖြစ်ခဲ့ရင် နောက်တခေါက် ရောက်ကိုရောက်ပါတယ်.ဂျပန်ရောက်ရင်အသိပေးလေ..ဟိုဟိုဒီဒီ လိုက်ပို့ပေးမယ်...

Post a Comment