လမ်းပြကြယ်(ဂျပန်)နာမည်နဲ့ blogရေးတဲ့အချိန်ကစပြီး onlineပေါ်မှာ၊ ဂျပန်နိုင်ငံမှာ တင်မကဘူး ပြည်ပမိတ်ဆွေတွေ ဂျပန်ကိုလာလည်တဲ့အထိ မိတ်ဆွေများရခဲ့ပါတယ်။ လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာ့နေရာအသီးသီးက မိတ်ဆွေတွေနဲ့ onlineနဲ့phoneနဲ့ စကားပြောဖြစ်တဲ့အခါ ဂျပန်ပြည်အကြောင်းကို အမြဲလိုလိုမေးခြင်းခံရပါတယ်။ အရင်ဦးဆုံးမေးတဲ့ မေးခွန်းကတော့ ''အခု ဂျပန်မှာ ဘယ်နှစ်နာရီထိုးပြီလဲ''ပေါ့။ နောက်တော့ ဂျပန်မှာ အေးလား၊ ဘယ်လတွေအေးလဲ? အစားအသောက်တွေရော ဘယ်လိုလဲ? စားလို့ရော ရလား? ရထားလိုင်းတွေက ရှုတ်ရှပ်ခတ်နေတာပဲနော်? မနန္ဒာက ဂျပန်ဘယ်နားမှာနေတာလဲ? စသဖြင့်စသဖြင့် တချို့ရင်းနှီးတဲ့သူများကျတော့လည်း အလုပ်အကိုင်ကအစရင်းရင်းနှီးနှီးမေးကြပါတယ်။ ကျမလည်း အခုပြောခဲ့တဲ့ မေးခွန်းတွေထဲက တချို့ကို ဒီလိုပဲမေးခဲ့ဖူးပါတယ်။ အမိမြန်မာပြည်နဲ့ ဝေးနေရတဲ့အချိန်မှာ အခုလို အင်တာနက်အားကိုးနဲ့ မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးရတာ၊ချစ်ခင်ရင်းနှီးကြတာ ပီတီဖြစ်စရာပါ။
မနေ့ကတော့ နှစ်တနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်လို့ အလုပ်လည်း ပိတ်တယ်လေ။ ရာသီဥတုသာယာရင် laptopတလုံး၊ကော်ဖီတဗူးနဲ့ ကျမသွားနေကြ ကျမနေအိမ်ရဲ့ pan-house ပေါ်ကနေ နှစ်တနှစ်ရဲ့ နောက်ဆုံးနေဝင်ချိန်ကို ကြည့်မိပါတယ်။ ဂျပန်ကဝင်သွားတဲ့ နေမင်းကြီးက အာရှနိုင်ငံအသီးသီးကို ဖြတ်ပြီးတော့ အနောက်နိုင်ငံတွေအထိ တဖြေးဖြေးသွားမှာပါလားလို့ တွေးမိတယ်။ အဲသည့်မှာတင်ပဲ ဂျပန်အကြောင်း မေးကြတဲ့ မိတ်ဆွေတွေကိုသတိရလာတယ်။
အောက်တခေါက်ပြေးဆင်း ကင်မရာပြေးယူပြီး မရိုက်တတ်ရိုက်တတ်နဲ့ ကျမနေအိမ်ပတ်ဝန်းကျင်က နှစ်တနှစ်ရဲ့ နေဝင်ချိန်နဲ့ ပါတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ပစ်လိုက်တယ်။
လမ်းပြကြယ်ဘလော့(၂)ခုစလုံးရဲ့ တချို့တချို့သော postတွေကို ဒီမြင်ကွင်းတွေကိုကြည့်ရင်း၊ ငေးရင်း တင်ခဲ့တာပေါ့ ခင်မင်ရပါသော မိတ်ဆွေအပေါင်းတို့ရေ။ ကျမနဲ့ထပ်တူ ခံစားနိုင်ကြပါစေ........
ကျမဂျပန်မှာ ရှိနေသရွေ့ ဂျပန်ကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့်
အေးနန္ဒာအောင်
Melbourne near me Trusted Removalist
3 months ago
0 comments:
Post a Comment