လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Saturday, September 18, 2010

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ချီတက်ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)


၂၀၁၀ ခုနှစ် စက်တင်ဘာလ(၁၈)ရက်။


စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။
လာမည့်(၇-၁၁-၂၀၁၀)နေ့ရက်တွင် နအဖစစ်အာဏာရှင်တို့က စစ်အာဏာရှင်စနစ် ကို တရားဝင် အသက်သွင်းမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့် အကြောင်းကို ဂျပန်နိုင်ငံသူနိုင်ငံသားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ Global Action Campaign ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရခြင်းကြောင်း သိရှိရပါသည်။
တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှ အခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ယနေ့အခမ်းအနားမှာ Global Action Campaign ကမ္ဘာအနှံ့ ဆန့်ကျင် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်ကြသည့် အင်အားစုများတို့မှလည်း Global Action Campaignမှာ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း ကို ကျင်းပရေးတာဝန်ခံ ဦးသန်းဆွေမှ ရှင်းလင်းပြောကြားသွားပါသည်။
အခမ်းအနားတွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် IBMO(Japam-branch)တာဝန်ခံ ရောတော် ဦးဓမ္မဇောတိ နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ ဆရာတော်ဦးထာဝရတို့မလညှ်း တက်ရောက်အမှာစကား ပြောကြားပြီးသည့်နောက် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က တရားမျှတမူမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ဆန့်ကျင် ကန့်ကွက်ကြောင်းကို ပြောကြားပြီးနောက် မွန်းလွဲ (၃း၀၀)နာရီ၌ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။
ဂျပန်နိုင်ငံရဲ့လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံ ဆန်ကျင်ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးအကျဉ်းသာများ အားလုံးတို့ကို ချက်ခြင်းလွတ် ဂျပန်ဘာသာဖြစ် ချီတက်ရာ လမ်းတလျှောက်မှာ ကြွေးကြော်ချီတက်ခဲ့ကြပြီး ပြည်သူအပေါ် မတရားသည့် လုပ်ရပ်များကို ဂျပန်ပြည်သူများ သိရှိလာစေရန်အတွက် ဂျပန်ဘာသာဖြင့် ပြောကြားခြင်း နှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သလို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ရပ်တည်ချက် သဘောထားကိုလည်း ဂျပန်အစိုးရ၏ နိုင်ငံခြားရေးဌာန ပေးပို့သွားမည်ကြောင်း သိရှိရပါသည်။
၁ နာရီ ၅၀ မိနစ် ကြာခန့် ချီတက်လာခဲ့ကြပြီး Sandagaya ဘူတာအနီးရှိ Megi ပန်းခြံတွင် အဆုံးသတ်ပြီး ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့က အတုအယောင်၂၀၁၀ ရွေးကောက်ပွဲလက်မခံကြောင်းနဲ့ ဆန်ကျင်ကန့်ကွက်ကြောင်း ပြောကြားပြီးသည်နောက် ကျင်းပရေးကော်မတီ ကိုယ်စား မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB ဥက္ကဌ မှချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများတို့ကို ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၅၀၀)ကျော်ခန့် တက်ရောက် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။



သတင်းမှတ်တမ်း။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan),Myo San Oo(BDA-Japan)

0 comments:

Post a Comment