လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, September 6, 2010

အရှင်ထာဝရ ဂျပန်သို့ကြွရောက်လျက်ရှိပါသည်။



၂၀၁၀စက်တင်ဘာလ(၆)ရက်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာရောရွေဝါတော်လှန်ရေးမှာတက်ကြွစွာပါဝင်ခဲ့သည့် ဆရာတော် အရှင်ထာဝရ  ဂျပန်နိုင်ငံသို့ ယနေ့ နံနက်တွင် ရောက်ရှိလာကြောင်း သိရှိရပါသည်။ဆရာတော်သည်  ဂျပန်ဗုဓ္ဒဘာသာ သံဃာအဖွဲ့ ကျင်းပပြုလုပ်မည့် အခမ်းအနားတို့ကိုလည်း  တက်ရောက်ပြီး မြန်မာပြည် လက်ရှိနိုင်ငံရေးအခြေအနေများ အာဏာရှင်စနစ်အောက်မြန်မာသံဃာတော်များလက်ရှိအခြေအနေများကိုပါဟောပြောသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများမှကျင်းပပြုလုပ်မည့်၃နှစ်ပြည့်ရွေဝါရောင်အထိမ်းအမှတ်အခမ်းအနား
ကိုလည်းတက်ရောက်ပူးပေါင်းသွားမှာဖြစ်ကြောင်းကို ဆရာတော်မှ မိတ်ကြားခဲ့ပါသည်။
ဆရာတော်အရှင်ထာဝရသည်ဂျပန်နိုင်ငံတွင်SUGAMOအပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များ အဖွဲ့ချုပ်(သာသနဦးသျှောင် ) ဂျပန်ဌာနခွဲ့ ရုံးခွဲ့မှာ  ခေတ္တ သီတင်းသုံးနေထိုင်သွားမည်ဖြစ်ပြီး ဒကာဒကာမ မိတ်ဆွေများ သွာရောက်  တွေ့ဆုံနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

SUGAMO Address

Toshima-Ku,Sugamo 1-24-8,BIRAKYO (401),Tokyo,Japan.

0 comments:

Post a Comment