လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Monday, July 26, 2010

LONDON တွင် စစ်အစိုးရ ၀ါဒဖြန့်သရုပ်ဆောင်မှ အငြိမ့်ကမည်

စစ်အစိုးရရိုတ်ကူးသော "အာရုံဦးမှာဖူးသည့်ကြာ" တွင် ပါဝင်သရုပ်ဆောင်သည့် သရုပ်ဆောင် နေတိုးသည်  မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းနိုင်ငံရေး သမိုင်းကြောင်းကို လိမ်လည်ဝါဒဖြန့်သည့် ထိုဇာတ်ကားအပြီး ဒီမိုကရေစီအင်အားစုများ အားကောင်းသော LONDON တွင် အငြိမ့်ကရန် ခေါင်းဆောင်မင်းသားအဖြစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် စီစဉ်ထားပြီး ယခုအခါပြပွဲ လက်မှတ်များကို ရောင်းချနေပါသည် ထိုလုပ်ရပ်သည် စစ်အစိုးရ စိတ်ဓါတ်စစ်ဆင်ရေး နှင့် ၀ါဒဖြန့်ချီရေးဌာန၏ အဝေးရောက် ဒီမိုကရေစီအင်အားစုများ အပေါ် သွေးတိုးစမ်းလိုက်တာ ဖြစ်ပြီး အနုပညာကိုဘန်းပြပြီး ပြည်ပတွင် စိတ်ဓါတ်ရေးရာလွှမ်းမိုးရန် ကြိုးစားမှုဖြစ်ကြောင်းနှင့် တကမ္ဘာလုံးမှ ၀ိုင်းဝန်းကန့်ကွက်ကြပါရန် LONDON ရှိအင်းအားစုများမှ လုံးဝကန်ကွက်ပေးရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
ပြည်သူအတွက် မရပ်တည်သော အနူပညာသည်များကို ပြည်ပရှိ ဒီမိုကရေစီအင်အားစုများမှ လုံးဝကန့်ကွက်ပေးကြပါရန်...
အချက်အလက်ပို့ပေးသော ဘလောက်ဂါ simple views အား ကျေးဇူးတင်ပါသည်။

0 comments:

Post a Comment