လူမျိုးတိုင်း လူမျိုးတိုင်းသည် "နတ်"တဦးဦးကို မွေးဖွားကြတတ်ကြသည်။
ယင်းနတ်သည် ယေဘုယျအားဖြင့် မိမိအား မွေးထုတ်လိုက်သူများအတိုင်းသာ ဖြစ်သည်။
ထိုလူမျိုးမုန်းသော သူများကို ထိုနတ်လည်း မုန်း၏။ ထိုလူမျိုးချစ်သော
သူများကို ထိုနတ်ကလည်း ချစ်၏။
လူမျိုးတိုင်းလူမျိုးတိုင်းသည် မိမိတို့၏ နတ်များကို မိမိတို့သဘာဝအတိုင်း၊ မိမိတို့ ဘာသာစကားအတိုင်းသာ ဖန်ဆင်းခေါ်ဝေါ်ကြသည်။
နိဂရိုးနတ်တို့သည် အသားမဲ၏။ ဆံပင်ကောက်၏။
မွန်ဂိုနတ်တို့သည် အသားရောင် ဝါ၏။ မျက်လုံးပုံစံမှာ ဗာဒံသီးနဲ့တူ၏။
ရဟူဒီလူမျိုးတို့သည်နတ်ပုံကို မဆွဲတတ်ကြပေ။ ထို့ကြောင့် သူတို့နတ်သည် ကိုယ်ပျောက်ဖြစ်၏။
အီဂျစ်နတ်တို့သည် ၄င်းတို့ကို ဖန်တီးသော အီဂျစ်လူမျိုးတို့မျက်နှာအတိုင်း မျက်နှာတည်၏။
ကမ္ဘာ့မြောက်ပိုင်းတိုင်းပြည်များမှ နတ်တို့သည် ပူနွေးသော သိုးမွှေးထည်များကို အထပ်ထပ် ဝတ်ရုံထားကြ၏။
အိန္ဒိယပြည်မှ နတ်များကမူ ဆင်စီးကြ၏။
အချို့ကျွန်းမှ နတ်များသည် ရေကုးကျွမ်းကျင်ကြ၏။
တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းမှ နတ်တို့သည် ငါးကြီးဆီကို အလွန်ကြိုက်ကြောင်း သိရ၏။
ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိသောသူများသည် အဆိုပါနတ်များအား ပူဇော်ပသကြ၏။
ဗလိနတ်စာကျွေးကြ၏။ အချို့သော တိုင်းပြည်များ၌ ယခုထက်တိုင်ပင် အကယ်၍
မိမိတို့ ပူဇော်ပသခြင်း ပြုလုပ်ပြီးနောက် အလိုဆန္ဒများ ပြည့်ဝခြင်းမရှိလ
ျှင် ပူဇော်ပသထားသော အရုပ်များကို အမနာပ ပြောဆိုလျက်" နင့်ကို
ဒီလောက်တောင် ကောင်းကောင်းမွန်မွန် ခမ်းနားတဲ့ နတ်ကွမ်းမှာထားတယ်၊
ရွှေနဲ့မွမ်းမံထားတယ်၊ စားကောင်းသောက်ဖွယ်ရာတွေ ကျွေးတယ်၊ ဆီမီးလည်း ပါတယ်၊
ဒီလောက်လုပ်ထားတာတောင် ငါတောင်းတာကို မပေးဘူး" ဆိုပြီး နတ်ရုပ်ကို
အောက်သို့ ဆွဲချပစ်တယ်။
ထိုအတောအတွင်း အကယ်၍များ မိမိတို့ လိုလားတောင့်တချက်ပြည့်ဝသွားပြီဆိုလျှင်
" အကျွန်ုပ် အလောတကြီး လုပ်မိတာ မှန်ပါတယ်။ အရှင်ကလည်း တော်တော်နဲ့
ဖြစ်အောင် လုပ်မပေးဘူးလေ။ အရှင်သာ ကျွန်ုပ်တို့ အကျွန်ုပ်တို့
အလိုဆန္ဒတွေကို နောက်ဆို ပြည့်အောင် လုပ်ပေးပါ။ ထိုက်ထိုက်တန်တန်ကြီး
ပူဇော်ပါ့မယ်။ အခုလည်း ဖြစ်ပြီးခဲ့တာတွေကို မေ့လိုက်ပါအရှင်၊
အကျွန်ုပ်လည်း အရှင့်ကို ကောင်းကောင်းပြန်ထားပါ့မယ်" ဆိုပြီး နတ်ရုပ်ကို
ကောက်ယူဆေးကြောပြီး တဖန်နတ်စင်ပေါ်ပြန်တင် ပြားပြားဝပ်နေအောင်
ရှိခိုးပူဇော်ကြပြန်တယ်။
Self Confident ချို့တဲ့သူ၊
ဥာဏ်ပညာအမြှော်အမြင် နည်းပါး အရိုင်းဆန်သောသူတို့သည် မည်သည့်အခါမှ
ကိုးကွယ်ရာတော့ မဆင်းရဲကြ။ ထိုသူတို့သည် မီးကိုလည်း ပူဇော်၏။
မြေကြီးကိုလည်း ပူဇော်၏။လေကို ပူဇော်၏။ ရေကို ပူဇော်၏။ အလင်းရောင်ကို
ပူဇော်၏။ ကြယ်တာရာများကို ပူဇော်၏။ တိရစ္ဆာန်များကိုလည်း ပူဇော်၏။
ရာစုနှစ်ပေါင်းများစွာအထိ မြွေသတ္တဝါများကြီးများ ရှေ့မှောက်၌
ပြားပြားဝပ်ခဲ့
ကြ၏။ တခါတရံ လူယဉ်ကျေးများထံမှ ရသော ပစ္စည်းများကို
နတ်အဖြစ်သတ်မှတ်ကြသည်။ ဥပမာ ဆိုရလျှင် " တို့ဒ်" လူမျိုးတို့သည်
နွားလည်ပင်း၌ ဆွဲသော "ခလောက်"ကို ပူဇော်ကြ၏။ " ကိတ်ဒ်" လူမျိုးတို့သည်
ခွက်နှစ်ခွက်ကို တခွက်က လင်၊ တခွက်က မယား ဟုအမှတ်ထားလျက် ပူဇော်ကြ၏။
အားလုံးသော
နတ်တို့သည် ပူဇော်ပသခြင်းကို လိုလားကြ၏။ များစွာသော နတ်တို့သည်
ယစ်ပူဇော်ခြင်းကို နှစ်သစ်ကြ၏။အပြစ်ကင်းသူ၏ အသွေးအသားများမှာ ထိုထိုသော
နတ်များအတွက် ရနံ့သင်းကြိုင်သော နတ်သုဒ္ဓါလည်း ဖြစ်နေတတ်၏။
နတ်ဆရာများ၊
ယနေ့မြန်မာပြည်ဆိုလျှင်တော့ မိန်းမလျှာများရှိရန် နတ်အားလုံးက
လိုလားကြ၏။ အင်တာနေရှင်နယ်တွင် ရှိကြကုန်သော အဆိုပါနတ်ကတော်တို့၏
အကြီးမားဆုံးသော အလုပ်မှာ မိမိတို့နတ်၏ ဘုန်းတော်ဘွဲ့ကို
သီဆိုကျူးရင့်ရန်နှင့် မိမိတို့ နတ်က အခြားနတ်အားလုံးကို တပြိုင်နက်တည်း
အနိုင်ရရှိစေရန်ဖြစ်၏။
လူတို့သည် နတ်များကို
ဖန်ဆင်းကြပုံမှာလည်း ဒီဇိုင်းအမျိုးမျိုးဖြစ်၏။ အချို့သည်
လက်ပေါင်းများစွာရှိ၏။ အချို့သည် ခေါင်းပေါင်းများစွာရှိ၏။ အချို့သည်
မြွေအရှင်များကို ပန်းကုံးလုပ်ဆွဲ၏။ အချို့နတ်ကား ကိုယ်လုံးတီးဖြစ်၏။
အချို့နတ်မှာ ဣဿာမစ္ဆေရများ၏။ အချို့နတ်ဆို ကျောကုံးသာ တွေ့ရ၏။ အချို့နတ်မှာ
တခါတရံ လူဖြစ်သွား၏။
အချို့မှာ တခါတရံ ဟင်္သာဖြစ်သွား၏။ အချို့နတ်များသည် ရုပ်ဆင်းလှသော ကညာပျိုကိုလည်း ချစ်တတ်ကြသေး၏။ အချို့နတ်များကတော့ အိမ်ထောင်ရှိ၏။
ထိုထိုသောနတ်တို့ ဒေါသအထွက်ဆုံး ပုဂ္ဂိုလ်မှာ နတ်တို့ရှိသည်ဆိုသည်ကို မယုံကြည်သည့် လူဖြစ်သည်။
ထိုနတ်တို့ကို
လုံးလုံးမယုံကြည်လျှင်(သို့) အမြင့်ဆုံး အမြတ်ဆုံးမမှတ်ထင်လျှင်
ထိုသူအား အပြစ်ဒဏ်ကျမည်ဟု နတ်ကတော်များမှ တဆင့် ခြိမ်းခြောက်သည်။
နတ်တဦးဦးကိုမှ မယုံကြည်ခြင်းသည် ကြီးကျယ်သော ပြစ်မှုဖြစ်လေသည်ဟု
နတ်ကတော်များကတဆင့် ဆော်သြ၏။
သင်သည် လူ့အသွေးဖြင့်
မိမိ၏ အမည်ကို ထင်ရှားအောင် ပြုလုပ်လျှင်သော်လည်းကောင်း၊ ပြုံးရွှင်နေသည့်
ကလေးသူငယ်တဦးဦးအား သူ့မိခင်ရင်ခွင်ထဲမှာပင် လည်မျိုကို ညှစ်လ
ျှင်သော်လည်းကောင်း၊ သင့်ကို ချစ်၍ ယုံကြည်နေသောသူအား သစ္စာဖေါက်ဖျက်လ
ျှင်သော်လည်းကောင်း နတ်တို့အား ပူဇော်ပါက သင့်အားခွင့်လွှတ်ကြလိမ့်မည်။
နတ်အား မယုံကြည်လျှင်တော့ သင့်ကို သည်းခံလိမ့်မည် မဟုတ်။
ကမ္ဘာဦးအစက မိုးချုန်းခြင်းသည် လူအား ကြောက်လန့်စေ၏။ မီးတောက်များ၏ ရှေ့မှောက်၌လည်း လူသည် ဒူးထောက်ခဲ့ဖူး၏။
ကြောက်မက်ဖွယ် သားရဲတိရစ္ဆာန်များနှင့် ပြည့်နှက်နေသော တော၊
ထောက်မမီနိုင်တဲ့ ချောက်၊
တရှုးရှုးနှင့် တွားသွားနေသော မြွေကြီးများ၊
တောက်ပနေသော နေ၊ လ ၊ ကြယ်တာရာများ၊ ရုတ်တရက်ပြောင်းလဲတတ်တဲ့ နေကြတ်ခြင်း၊ လကြတ်ခြင်း၊
ကြောက်မက်ဖွယ် ရောဂါဝေဒနာများ၊ အပူဖျား၊ အအေးဖျား၊
ရူးသွပ်ခြင်းစိတ်ရောဂါ၊
ညအမှောင်၊
အိပ်မက်ဆိုး၊
အထူးသဖြင့်
အခါခပ်သိမ်း လူတို့ရဲ့ ဦးခေါင်းပေါ် ခွစီးနေတတ်တဲ့ သေခြင်းတရားတို့နဲ့
လူဟာ ရင်ဆိုင်တွေ့လာရတဲ့အခါ ၄င်းတို့နောက်မှာ တန်ခိုးရှင်၊ နာနာဘာဝ၊
တစ္ဆေသရဲများ ရှိနေတယ်လို့ အထင်ဖြစ်ခဲ့တယ်။
သို့ဖြစ်၍
အစွမ်းကြီးမားသူ တန်ခိုးရှင်၊ နာနာဘာဝ(အစိမ်းသေ)များရဲ့ မေတ္တာကိုခံယူလ
ျှင်ဖြင့် မိမိတို့အတွက် စိုးရိမ်စရာမရှိ၊ လုံခြုံမှုရှိတယ်လို့
အထင်ရောက်ခဲ့ကြတယ်။
ယင်းရည်ရွယ်ချက် ပြည့်ဝစေရန်အတွက်
လူဟာ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပသခြင်း၊ ယဇ်တင်ခြင်းများကို
လုပ်ခဲ့ကြတယ်။ ဒါဟာလူ့သမိုင်းရဲ့ တောနေအရိုင်းဘဝမှ အယူအဆများနဲ့
လုပ်ဆောင်ချက်များဖြစ်တယ်။
မမာမကျန်းဖြစ်လို့
စိတ်ဂယောင်ခြောက်ခြား ဖြစ်တာကို နတ်(သို့)နာနာဘာဝဖမ်းစားဖြစ်တယ်ဆိုတဲ့
အယူသီးမှုဟာ ခေတ်အဆက်အဆက်က လူမျိုးတိုင်းမှာ ရှိခဲ့ဖူးတယ်။ နှစ်ပရိစ္ဆေဒ
ထောင်ပေါင်းများစွာသော ကာလအထိ ယင်း နာနာဘာဝများကို ခြောက်ထုတ်ခြင်း၊
နတ်များကို တောင်းပန်ခြင်းသာလျှင် တခုတည်းသော အကောင်းဆုံး ကုထုံးအဖြစ်
နတ်ဆရာများက ဟစ်အော်ရွတ်ဆို ခဲ့ကြသည်။
လူရိုင်းဘဝနှင့်ရှိစဉ်က
သနားစရာ လူသားခမြာ ပစ္စည်းတစုံဆက်သပေးကမ်းလျှင် အဆိုပါ မမြင်ရသော အရာတို့
စိတ်နှလုံးပျော့ပျောင်း နူးညံ့သွားမယ်အထင်နဲ့ မိမိတို့ နှလုံးသားများပင်
ကွဲလျှင်ကွဲသွားစမ်းပါစေ မိမိတို့သားသမီးများကိုပင်
ယဇ်ပူဇော်ဆက်သခဲ့ကြဖူးလေသည်။
ဤသည်မှာ
ကမ္ဘာ့နေရာအနှံ့အပြားတွင် လူသားတို့ မယဉ်ကျေးခင် ကာလက အဖြစ်အပျက်များ
ဖြစ်သော်လည်း အလွန်တရာမှ ဝမ်းနည်းဖွယ်ကောင်း ကိစ္စမှာ ကျမတို့
မြန်မာနိုင်မှာ ယနေ့ထက်ထိတိုင် ထိုကိစ္စများ တွင်ကျယ်နေခြင်း၊
လက်ခံသူအများအပြားရှိနေခြင်းမှာ မြန်မာပြည်ဟာ ကမ္ဘာမှာ ဘယ်လောက်တောင်
ခေတ်နောက်ကျ၊ ဆုတ်ယုတ်ကျန်ခဲ့နေလဲဆိုတာပါပဲ။
"
ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့" ဆိုတဲ့ စကားဟာ
ရှေးလူကြီးများ ထားသွားခဲ့တဲ့ စကားတခုသာဖြစ်တယ်။ လောကအမှန်တရား
နိယာမတရားမဟုတ်ဘူး။ ဈေးသုံးမကြွယ်နဲ့ ဆိုတဲ့ ရှေးထုံးကို မပယ်သင့်ပေမယ့်
အဓိပ္ဗါယ်မဲ့ အဆင်ခြင်မဲ့နေတဲ့ ရှေးထုံးကိုတော့ ပယ်သင့်ရင် ပယ်ရမယ်။
မြန်မာပြည်မှာ အနော်ရထာမင်းကြီးသာ ပယ်သင့်တဲ့ ရှေးထုံးကိုမပယ်ခဲ့ရင်သာ ဗုဒ္ဓသာသနာတောင် ပုဂံရောက်လာမှာ မဟုတ်ဘူး။
ကမ္ဘာမှာလည်း ကမ္ဘာမှာလည်း ပယ်သင့်တဲ့ ရှေးထုံးတွေကိုသာ မပယ်ခဲ့ရင် ကျမတို့တတွေ အခုလို အင်တာနက်တောင် သုံးရမှာမဟုတ်ဘူး။
ဒီနေရာမှာ
" ရိုးရာ" ဆိုတာနဲ့ ပါတ်သက်ပြီး ပြောရရင် မြန်မာ့ရိုးရာအရ
ကွမ်းစားတာကောင်းလားမကောင်းဘူးလား၊ ခေတ်ပညာသင်ရတဲ့ ဆရာဝန်တွေ အသိဆုံး၊
မြန်မာ့ရိုးရာဆိုပြီး လက်ရည်တပြင်တည်း စားခြင်းဟာ ကျန်းမာရေးအရ
ကောင်းလားမကောင်းလား ဆိုတာကို တကယ်စာကျက်ပြီး မှန်မှန်ကန်ကန် ဆေးကျောင်းဝင်
ဆရာဝန်ဖြစ်လာတဲ့ ဆရာဝန်ကို မေးကြည့်။
ရိုးရာဆိုတိုင်းလည်း လောကကြီးနဲ့ အံမဝင်ခွင်မကျဖြစ်မယ့် ကိစ္စမျိုးဆိုရင် ထိန်းသိမ်းစရာမလိုဘူးလို့ ကျမကတော့ ယူဆတယ်။
တကယ်ထိန်းချင်ရင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်း။
အဝတ်အစား၊ အနေအထိုင်၊ အပြောအဆိုတွေကို ထိန်း။
အကျီ
င်္လည်ဟိုက်နဲ့ ဘုရားစင်ရှေ့မှာ ကိုင်းကိုင်း ကိုင်းကိုင်း၊
စကတ်ပေါင်လည်လောက်နဲ့ လူတွေကို ကျောပေးပြီး ကုန်းကုန်း
ကန်တော့ပွဲတကားကားထိုးဖို့ လုပ်နေတဲ့ မိန်းကလေးတယောက်ကို ရိုးရာကို
ထိန်းသိမ်းတယ်လို့ ပြောလို့ရလား။
နတ်ပွဲဆိုပြီး
မိုးမွန်အောင်ဆဲ၊ သားပြောမယားပြော၊ အရက်မျိုးစုံသောက်နေတဲ့
မြန်မာအမျိုးသားများကိုရော ရိုးရာကို ထိန်းသိမ်းတယ်လို့ ပြောလို့ရလား။
ယနေ့ခေတ်မှာ အသိဥာဏ်ရှိတဲ့ လူတွေဟာ နတ်တင်လို့ စပါးမရ၊ ငါလယ်ထဲဆင်းမှ စပါးရမယ်ဆိုတာကို သိလာကြပြီ။
စာမေးပွဲဖြေနိုင်အောင်
စာမေးပွဲမှာ သုံးမယ့် ဘော်ပင်ကို နတ်ကတော်ဆီသွားပြီး
မန်းမှုတ်ခိုင်းလို့ကတော့ အာပုတ်စော်နံတာပဲ အဖတ်တင်မယ်ဆိုတာကို
ကိုယ့်အားကိုယ်ကိုးပြီး တကယ်စာကျက်တဲ့ ကျောင်းသားက သိနေပြီ။
ခေတ်အဆက်ဆက်မှာ
အောင်မြင်ခဲ့ကြတဲ့ လူသားအကျိုးပြု ဆေး၊ သိပ္ဗံ၊ နိုင်ငံရေး နယ်ပယ်အသီးသီးက
ဘယ်အသိပညာရှင်၊ ဘယ်အတတ်ပညာရှင်ကမှ နတ်ကို ယုံကြည်စွာ ပူဇော်ပသလို့ ဒီလို
အောင်မြင်ခဲ့တာပါလို့ သမိုင်းမရေးခဲ့ကြဘူး။
ကျွန်ုပ်တို့သည်
ကိုယ်မသိသည့် အရာကို အဘယ့်ကြောင့် ပူဇော်ရမည်နည်း၊ ကိုယ်မသိသည့် အရာ၏
ရှေ့မှောက်၌ အဘယ့်ကြောင့် ဒူးထောက်ရမည်နည်း၊ စိတ်ကူးဖြင့် မှန်းဆအပ်သည့်
အရာ“ ရှေ့မှောက်၌ အဘယ့်ကြောင့် ပြားပြားဝပ်ရမည်နည်း။
အချုပ်ပြောရရင်
အရေးမပါတွေ ယုံကြည်နေသရွေ့၊ အဓိပ္ဗါယ်မရှိတာတွေကို အားကိုးနေသရွေ့ တော့
သင်ဟာ ဘယ်တော့မှ လွတ်လပ်တဲ့သူတဦးဖြစ်လာမှာ မဟုတ်ဘူး။
နန္ဒာ
မှတ်ချက်....ဆရာပါရဂူရဲ့ " တော်လှန်သော အတွေးအခေါ် " စာအုပ်မှ အချက်အလက်များနဲ့အတူ ကျမထင်မြင်ယူဆချက်ကို ဖေါ်ပြထားခြင်းဖြစ်ပါသည်။
0 comments:
Post a Comment