by Kyaw Lwin San on Sunday, April 22, 2012 at 7:22pm ·
------------------------------
၁။ မုန့်ဟင်းခါး ၁၀ ပိသာ ။
၂။ ငါးကြင်း ...... ၂ ပိသာ ၊(အသား သက်သက်)
၃။ ကုလားပဲခြမ်း.... ၁ ပိသာ ၅၀ ကျပ်သား ၊
၎။ ဆန်လှော်မှုန့် .... နို့ဆီဘူး ၂ လုံး ( ၃၀ ကျပ်သား ခန့် )
၅။ ပဲဆီ ....... ၇၅ ကျပ်သား ၊
၆။ ငါးငံပြာရည်(အချို) ...၅၀ ကျပ်သား
၇။ ကြက်သွန်နီ.....၁ ပိသာ ၅၀ ကျပ်သား ။
၈။ ကြက်သွန်ဖြူ..... ..၁၅ ကျပ်သား ။
၉။ ဂျင်းတက်........၁၀ ကျပ်သား ၊
၁၀။ငြုပ်သီး အရောင်တင် (အပု)မှုန့် .... ၇ ကျပ် ခွဲသား ၊
၁၁။ နနွင်းမှုန့် ...အနည်းငယ် ၊
၁၂။ ပဲ ငံပြာရည် (အပျစ်)..... လက်ဘက်ရည် ပုဂံ တစ်လုံး
၁၃။ ငြုပ်ကောင်းမှုန့် ......ဟင်းခတ်ဇွန်း တစ်ဇွန်း ခန့်
၁၄။ အချိုမှုန့် .....ဟင်းခတ်မှုန့် .......
သကြား.... ..ဆား.....အနည်းငယ်စီ...။ ။ ။
........................................................................
ဟင်းချက်နည်း......
--------------------------
ရေနွေး ...ရေသန့်ဘူး ၃၀ ( ၃၀ လီတာ) ကြို ထားပါ ။
ကုလားပဲ ၁ ပိသာ ၅၀ ကျပ်သားကို သန့်စင်အောင် ဆေးကြောပြီး နူးအောင်ပြုတ်ပါ။
ပဲ နူးလျှင်....ပဲ..ကို ကြေအောင် ချေပါ ။
ငါး ၂ ပိသာကို ရေစင်အောင်ဆေးကြောပြီး အတုံးကြီးကြီး တုံးပါ ။
ငါး ငံပြာရည် ၃၀ ကျပ်သား.. ဆား...သကြား ..အနည်းငယ် နှင့်
ရေ သင့်တော်ရုံ မျှ ထည့်ပြီး ငါး နူးအောင် ပြုတ်ပါ ။
ငါး နူး လျှင် အအေး ခံ ထားပါ ။
ကြက်သွန် အနီ + အဖြူ + ဂျင်းတက် အားလုံးကို အခွံ နွာပါ။
ကြက်သွန်နီ ၁၀ ဥ ( ၂၅ ကျပ်သားခန့် ) ကို ပါးပါး လှီးပါ။
ကျန်သော ကြက်သွန်နီ ၁ ပိသာ ၂၅ ကျပ်သားခန့် ကို ရေဆေးပြီး ထက်ခြမ်း ခြမ်းထား ပါ။
ကြက်သွန်ဖြူ အားလုံး ကို ကြိတ်စက်ဖြင့် ကြိတ်ပါ(သို့) ငြုတ်ဆုံ နှင့် ထောင်းပါ။
ဂျင်းတက်.. အားလုံး ကို ကြိတ်စက်ဖြင့် ကြိတ်ပါ(သို့) ငြုတ်ဆုံ နှင့် ထောင်းပါ။
ငါး ပြုတ်ကို အရိုး ထွင်ပါ ။
ငါး ပြုတ် ရေ ကို ဆန်မှုန့် နှင့် ဖျော်ပါ ။
ငြုပ်သီး အရောင်တင် (အပု)မှုန့် .... ၇ ကျပ် ခွဲသား ကို
ရေ အနည်းငယ်နှင့် ပျစ် ပျစ် ဖျော်ထားပါ ။
....................................
ပဲဆီ ၇၅ ကျပ်သား ကို ချက်မည့် အိုးထဲသို့ ထည့်ပြီး မီး အပူပေးပါ။
ဆီ ဆူ လျှင် နနွင်းမှုန့် အနည်းငယ်ထည့် ပြီး ပါးပါး လှီးထားသော
ကြက်သွန်နီ... ၁၀ ဥ ( ၂၅ ကျပ်သားခန့် ) ကို ထည့်ပါ။
အနည်းငယ် နီလာပြီး အနံ့ မွှေးလာလျှင် ကြိတ်ထားသော ဂျင်းတက် အားလုံး ထည့် ပြီး
အဆက် မပြတ် မွှေ ပေး ပါ ။
ဂျင်း မွှေး လာလျှင် ကြိတ်ထားသော ကြက်သွန်ဖြူ အားလုံး ထည့် ပြီး
အဆက် မပြတ် ဆက် မွှေ ပေး ပါ ။
အားလုံး မွှေး လာလျှင် ရေ အနည်းငယ်နှင့် ပျစ် ပျစ် ဖျော်ထားသော
ငြုပ်သီး အရောင်တင် (အပု)မှုန့် ကို ထည့်ပြီး ဆက် မွှေ ပါ ။
ငြုပ်သီး အစိမ်းနံ့ ပျောက်လျှင်.......ငါးပြုတ် ၃ ပုံ ၂ ပုံ ထည့် မွှေ ပါ။
ငါးပြုတ် ဆီသတ် အနံ့ မွှေး လာလျှင် အားလုံးကို .. တစ်ဝက် ခွဲ ပြီး ချန် ထားပါ ။
ကျန်သော တစ်ဝက် ကို ပြုတ်ပြီး ချေထားသော ပဲ နှင့် ရောပြီး ဆီသတ်ပါ။
အိုး အောက်ခြေကို ပဲ မကပ်စေရန်..အဆက်မပြတ် မွှေပါ ။
ပဲ အနံ့ ပျောက်ပြီး မွှေးလာသည့် အထိ ..အဆက်မပြတ် မွှေပါ ။
ပဲ အနံ့ ပျောက်ပြီး မွှေးလာလျှင် ငါးပြုတ်ရေ နှင့် ဖျော်ထားသော
ဆန်မှုန့် ကို ထည်ပြီး.. ..အဆက်မပြတ် ဆက်လက် မွှေပါ ။
၁၀ မီးနစ် ခန့် မွှေပြီးလျှင် ဆူပြီး သား ရေနွေး ကို အပျစ် အကြဲ... ကြည့် ထည့်ပါ ။
အိုး အောက်ခြေကို ပဲ မကပ်စေရန်..အဆက်မပြတ် မွှေ ပေး ပါ ။
ဟင်းရည် ဆူလာလျှင်.. တစ်ဝက်ခွဲထားသော ဆီ သတ်ပြီး သား နှင့်
ချန်ထားသော ငါးပြုတ် ၃ ပုံ ၁ ပုံ ပြန်ထည့်ပါ။
ရေဆေးပြီး ထက်ခြမ်း ခြမ်းထား သော ကြက်သွန်နီ ၁ ပိသာ ၂၅ ကျပ်သားခန့် ကို ထည့်ပါ။
ပဲ ငံပြာရည် (အပျစ်)..... လက်ဘက်ရည် ပုဂံ တစ်လုံး ခန့် ကို ဟင်းရည် အရောင်
အနု အရင့် လိုအပ်သလို ထည့်ပါ။
အချိုမှုန့် .....ဟင်းခတ်မှုန့် .... ..ဆား.....အနည်းငယ်စီ...လိုအပ်သလို ထည့်ပါ။
ကြက်သွန် အနီ နူးလာလျှင် ငြုပ်ကောင်းမှုန့်
ဟင်းခတ်ဇွန်း တစ်ဇွန်း ခန့် ကို ရေနွေး နှင့် ဖျှော်ထည့်ပါ။
ဟင်းရည်..အပျစ် အကျဲ..အရောင် ..အနံ့..အရသာ..ကြိုက်သလို ပြုပြင်ပြီး
စားသုံးနိုင်ပါသည်။
ဘဲဥ နှင့် ငါးဖယ်ခြစ် ထည့်လိုပါက .......
ဘဲဥ ၃ လုံး ကို ပန်းကန် ထဲ သို့ အစိမ်းလိုက် ဖေါက် ထည့်ကာ
ရေ နှင့် ရော ခေါက်ပြီး ..ဆူနေသော ဟင်းရည်ထဲသို့ ဇွန်းနှင့် ဝှေ့ ပြီး ထည့်နိုင်ပါသည်။
.ဘဲဥ ကို .ပြုတ် ပြီး ပါးပါး လှီး ..ထည့် နိုင်ပါသည်။
ငါးဖယ်ခြစ် ထည့်လိုပါက ....ပြုတ် ပြီး ..ထည့် နိုင်ပါသည်။
......အခြားသော...ငှက်ပျောအူ ထည့်ချက်နည်း။
.......................ဆန်မှုန့် အစား ဆန်ရွှေကြည် ထည့်ချက်နည်း ။
များကို အလျှင်းသင့်သလို ဆက်လက် တင်ပြ ပေးပါမည်။
1 comments:
I'm just curious, is there can be done without lemongrass?
Post a Comment