အိုရယ် ... မုတ်သုန်ဦး၊ မြူးလော့
ထူးတင့်တင့် သင့်ဂုဏ်သရေကို။
မှိုင်းညို့ ဆိုင်းဆို့ ၊ အာကာမို့ ၍
ပြို့ မလို့ လို၊ သို့ လိုလိုလျှင်
ခိုးရိုက်မှောင်ပတ်၊ ပဇ္ဖုန်နတ်သည်
သွန်းလက်မွှန်းအောင်၊ ရွာညွှန်းယောင်နှင့်။
ဘင်္ဂလားအော်၊ ပင်လယ်အော်မှ
စစ်ဆော်စည်မောင်း၊ ခြိမ့်ခြိမ့်လောင်းလျှက်
သိန်းသောင်းဗိုလ်ပါ၊ ချီလေရာတွင်
မဟာတပ်မှုး၊ မုန်သုန်ဦး။
ရိုးမကိုကျော်၊ မိုးပေါ်သို့ ကပ်
တိမ်ထပ်သို့ ပေါင်း၊ တိမ်မောင်းသို့ ချို
တိမ်ညိုသို့ နွဲ့ ၊ စစ်နယ်ချဲ့ ၍။
ရွာတော့မယောင်၊ ရွာမယောင်နှင့်
ရွာယောင်မှိုင်းရစ်၊ ဤသည့်ခေတ်ဝယ်
သနစ်သနာ၊ ထူးဆန်းစွာသား
ဂန္ဒာလရာဇ်၊ ပြည်အသစ်မှ
ထစ်ထစ်မြည်အောင်၊ မုတ်သုန်မှောင်သည်
တောင်ပံကိုဖြန့် ၊ ကျွန်းလုံးနှံ့ ၍
ပြည်ဝှန့် မြန်မာ၊ ဆိုက်ရောက်လာသည်
ချိန်ခါငါတို့ ၊ လူ့ ခေတ်သို့ ။
ဝဿန်တိုင်းလျှင်၊ မှိုင်းမှိုင်းပျပျ
ပင်လယ်ဝမှ၊ မြူးကြွမုတ်သုန်
ချီလာတုန်သော်၊ ရွှေဘုံတိုင်းမ
ရပ်ဌာနသည်၊ မ၀၀မ်းစာဖြစ်သတည်း။
ဂန္ဒာလရာဇ်၊ ပြည်အသစ်မှ
ထစ်ထစ်မြည်အောင်၊ မုတ်သုန်ဆောင်သည်
တောင်ပံကိုဖြန့် ၊ ကျွန်းလုံးနှံ့ ၍
ပြည်ဝှန့် မြန်မာ၊ ဆိုက်ရောက်လာသည်
ချိန်ခါငါတို့ ၊ လူ့ ခေတ်သို့ ။
ကဗျာဟာ သမားရိုးကျ မိုးဘွဲ့ ကဗျာ မဟုတ်ပါဘူး။ နိမိတ်ပုံတွေ
သင်္ကေတတွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်တကြီး
တမ်းတလိုက်တဲ့ ကဗျာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း
(၁၉၅၀) ထဲက ကဗျာဖြစ်ပါတယ်။
တက္ကသိုလ် နန္ဒမိတ်
ဤကဗျာကိုရင်ခွင် သစ် ထံမှရယူပါသည်။
ထူးတင့်တင့် သင့်ဂုဏ်သရေကို။
မှိုင်းညို့ ဆိုင်းဆို့ ၊ အာကာမို့ ၍
ပြို့ မလို့ လို၊ သို့ လိုလိုလျှင်
ခိုးရိုက်မှောင်ပတ်၊ ပဇ္ဖုန်နတ်သည်
သွန်းလက်မွှန်းအောင်၊ ရွာညွှန်းယောင်နှင့်။
ဘင်္ဂလားအော်၊ ပင်လယ်အော်မှ
စစ်ဆော်စည်မောင်း၊ ခြိမ့်ခြိမ့်လောင်းလျှက်
သိန်းသောင်းဗိုလ်ပါ၊ ချီလေရာတွင်
မဟာတပ်မှုး၊ မုန်သုန်ဦး။
ရိုးမကိုကျော်၊ မိုးပေါ်သို့ ကပ်
တိမ်ထပ်သို့ ပေါင်း၊ တိမ်မောင်းသို့ ချို
တိမ်ညိုသို့ နွဲ့ ၊ စစ်နယ်ချဲ့ ၍။
ရွာတော့မယောင်၊ ရွာမယောင်နှင့်
ရွာယောင်မှိုင်းရစ်၊ ဤသည့်ခေတ်ဝယ်
သနစ်သနာ၊ ထူးဆန်းစွာသား
ဂန္ဒာလရာဇ်၊ ပြည်အသစ်မှ
ထစ်ထစ်မြည်အောင်၊ မုတ်သုန်မှောင်သည်
တောင်ပံကိုဖြန့် ၊ ကျွန်းလုံးနှံ့ ၍
ပြည်ဝှန့် မြန်မာ၊ ဆိုက်ရောက်လာသည်
ချိန်ခါငါတို့ ၊ လူ့ ခေတ်သို့ ။
ဝဿန်တိုင်းလျှင်၊ မှိုင်းမှိုင်းပျပျ
ပင်လယ်ဝမှ၊ မြူးကြွမုတ်သုန်
ချီလာတုန်သော်၊ ရွှေဘုံတိုင်းမ
ရပ်ဌာနသည်၊ မ၀၀မ်းစာဖြစ်သတည်း။
ဂန္ဒာလရာဇ်၊ ပြည်အသစ်မှ
ထစ်ထစ်မြည်အောင်၊ မုတ်သုန်ဆောင်သည်
တောင်ပံကိုဖြန့် ၊ ကျွန်းလုံးနှံ့ ၍
ပြည်ဝှန့် မြန်မာ၊ ဆိုက်ရောက်လာသည်
ချိန်ခါငါတို့ ၊ လူ့ ခေတ်သို့ ။
ကဗျာဟာ သမားရိုးကျ မိုးဘွဲ့ ကဗျာ မဟုတ်ပါဘူး။ နိမိတ်ပုံတွေ
သင်္ကေတတွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်တကြီး
တမ်းတလိုက်တဲ့ ကဗျာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း
(၁၉၅၀) ထဲက ကဗျာဖြစ်ပါတယ်။
တက္ကသိုလ် နန္ဒမိတ်
0 comments:
Post a Comment