တခြားသူတွေတော့
မသိဘူးပေါ့နော်။ ကျွန်ုပ်အနေနဲ့တော့ ပုံတခုကိုဆွဲတော့မယ်ဆို အရင်ဆုံး
ideaကို စဉ်းစားရပါတယ်။ ideaကလည်း "ထွက်ဟဲ့" လို့ဆိုတိုင်းလည်း မထွက်ပါဘူး။
ဘယ်လိုဆွဲရမလဲဆိုတာကို အချိန်ပြည့်နီးပါး စဉ်းစားရပါတယ်။ တခါတခါ
ထမင်းစားနေရင်းနဲ့လည်း ထွက်လာပါတယ်။ တခါတခါကျတော့လည်း ရေချိုးခန်းထဲရောက်
မျက်နှာပေါ်ရေပန်းတွေ ဖွားကနဲ ဖွားကနဲ ကျလာမှ
ideaကထွက်လာတာမျိုးလည်းရှိပါတယ်
။ ပုံနဲ့အတူ ထည့်ရမယ့် တချို့စာသားတွေ
ကဗျာလေးတွေဆိုလည်း ဒီလိုပါပဲ။ လမ်းသွားရင်း ၊စက်ဘီးစီးရင်း အရူးတယောက်လို
ပါးစပ်က ပွစိပွစိနဲ့ ကဗျာလေးတွေကို စိတ်ကူးနဲ့ စပ်ကြည့်ရပါတယ်။
အဆင်ချောပြီဆို မမေ့သွားအောင် ရတဲ့နေရာမှာတင် စက်ဘီးရပ်ပြီး မှတ်စုထဲမှာ
ထုတ်မှတ်ရပါတယ်။ ကွန်ပြူတာရှေ့ရောက်မှ ငါ ပုံတပုံဆွဲမယ်၊ ကဗျာတပုဒ်၊
စာတပိုဒ်ထည့်မယ် ဆိုပြီး လုပ်လို့မရပါဘူး။ ကဗျာဆရာတွေ ၊ ပုံဆွဲကောင်းသူတွေ၊
ideaကောင်းသူတွေ အတွက်ကတော့ ကျွန်ုပ်ကြိုးစားမှုက
ရယ်စရာဖြစ်ကောင်းဖြစ်နေပါလိမ့်
မယ်။
ဒီလိုနဲ့ ရလာတဲ့ စိတ်ကူးကို
လက်တွေ့ ချဆွဲတဲ့နေရာမှာလည်း တချို့နေရာတွေမှာ ကျွန်ုပ်ရဲ့
ပုံဆွဲညံ့ဖျင်းမှုကြောင့် စိတ်သွားတိုင်း လက်မပါနိုင်တာတွေ ရှိပါတယ်။
တခါတခါကျတော့လည်း ဆွဲနေရင်းမှ ပိုကောင်းတဲ့ ideaတွေလည်း ထွက်လာတတ်ပါတယ်။
ဒီကြားထဲ အစည်းဝေးခန်းလိုနေရာမျိုးမှာ အချိန်နဲနဲရလို့ ဆွဲတဲ့ ပုံများဆို
နောက်ကလာကြည့်သူတွေရဲ့ တယောက်တပေါက် ဝေဖန်အကြံပေးသံတွေကြားမှာ
ကျွန်ုပ်တယောက် ဘာလုပ်ရမှန်းကို မသိတော့တဲ့ အဖြစ်မျိုးတွေလည်း
ကြုံရတတ်ပါတယ်။
ဂျပန်က အချို့သော လမ်းလျှောက်ချီတက် ဆန္ဒပြပွဲတွေမှာ
ကိုင်ဆောင်ဖို့ ပိုစတာတွေဆွဲတဲ့အခါဆို computerစကားနဲ့ ပြောရရင် ကျွန်ုပ်က
software အပိုင်းပေါ့။ ကျွန်ုပ်ဖန်တီးလိုက်တာတွေကို လက်တွေ့ ၁၀ပေ ၃ပေ
လောက်ရှိတဲ့ ဆိုင်းဘုတ်ကြီးတွေကို လုပ်ရသူတွေက hardwareပေါ့။
ဆိုင်းဘုတ်အတွက်ဆွဲရတာက ပိုခက်ပါတယ်။ ဒီအတိုင်းဆွဲပြီး
computerပေါ်တင်လိုက်လို့ရတာမျို
းမဟုတ်တဲ့အတွက် လုပ်မယ့် ဆိုင်းဘုတ်
အရွယ်အစားအတိုင်း ပုံကို အချိုးကျ ပြန်ပိုင်းရပါတယ်။ ပုံထဲမှာ
ဆံချည်တမျှင်စာလောက် ကွာနေပေမယ့် တကယ့်လက်တွေ့ ဆိုင်းဘုတ်ကပ်တဲ့နေရာမှာ
လက်တလုံးလောက် သိသိသာသာကြီး ကွာသွားတတ်ပါတယ်။ တတ်နိုင်သမျှ
ဆိုင်းဘုတ်ကပ်တဲ့သူတွေ အဆင်ပြေအောင် အချိုးကို အရမ်းအတိအကျဆွဲရပါတယ်။
ကျွန်ုပ်က မျက်လုံးမကောင်းသူမို့ သာမာန်လူတွေထက်ပိုပင်ပန်းရပါတယ်
။
ဒီနေရာမှာ
....ရယ်စရာအမှတ်တရလေး တခုပြောရပြောရဦးမယ်။ တခါကပေါ့......ဆန္ဒပြပွဲတခုမှာ
ကျွန်ုပ်က ကျွန်ုပ်ဆွဲထားတဲ့ ပိုစတာလေးနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ချင်လို့
ဆိုင်းဘုတ်ကိုင်ထားတဲ့ ညီမလေးတယောက်(ညီမအရွယ်မို့ ညီမလေးလို့
သုံးနှုန်းလိုက်တာပါ။ ကျွန်ုပ်နဲ့အသိမိတ်ဆွေတော့မဟုတ်
ပါ) ဆီကနေ ကျွန်ုပ်က ''
အမကို ခဏပေးကိုင်နော်လို့၊ ဓါတ်ပုံရိုက်ချင်လို့" လို့
ပြောပြီးတောင်းတော့ သူက မျက်နှာတင်းတင်းနဲ့ ပြန်ပြောတယ်သိလား....''
ပြီးရင်ပြန်ပေးနော်တဲ့ ဒါကျမတို့ကိုင်မလို့တဲ့'' ။ ကျွန်ုပ်လည်း
ရုတ်တရက်ဆိုတော့ ဘာပြန်ပြောရမှန်းမသိပါဘူး။ '' သြော်..ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ
ခဏလေးပါ ပြီးတာနဲ့ပြန်ပေးပါ့မယ်လို့ပဲ ပြောပြီး ကိုယ်ဖန်တီးတဲ့ ပိုစတာကို
တောင်းတောင်းပန်ပန်နဲ့ ဓါတ်ပုံရိုက်ခဲ့ရတဲ့ အဖြစ်မျိုးလည်း ကြုံဖူးပါတယ်။
ငိုအားထက် ရယ်အားသန်ဆိုသလိုပါပဲ။
ဒါပေမယ့် ဒီနေ့ ၂၀၁၁ ဒီဇင်ဘာ
၎ရက်နေ့ တင်လိုက်တဲ့ ပုံကို ဆွဲရတာ စိတ်တိုင်းကိုမကျဘူး။ အချိန်တွေလည်း
အများကြီးပေးရတဲ့အပြင် လွှတ်သာလွှတ်လိုက်ရတယ် စိတ်ထဲမှာ တခုခု လိုနေသလိုပဲ။
ဒီပုံကို စပြီး ဆွဲမယ်လို့ photoshopကို စဖွင့်လိုက်ကတည်းက face bookမှာ
messageတခုဝင်လာတယ်။ ပို့လာတဲ့ လူကိုစိတ်မဆိုးပေမယ့် messageပါ
အကြောင်းအရာကတော့ စိတ်ကို တော်တော်လေး အနှောက်အယှက် ဖြစ်စေတယ်။ ယနေ့ခေတ်
မြန်မာပြည်ရဲ့ လူငယ်တယောက်ဖြစ်နေပြီး တိုင်းပြည်အတွက် လုပ်စရာတွေ
အများကြီးရှိပါရက်နဲ့ ဘာမဟုတ်တဲ့ ကိစ္စတွေကို အချိန်ပေးနေကြတဲ့ လူငယ်တွေဟာ
အတော့်ကိုစိတ်ပျက်ဖို့ကောင်းတယ်
။ လူငယ်ဆိုတဲ့ နေရာမယ် ယောကျာင်္းလေးရော
မိန်းကလေးရော အကြုံးဝင်ပါတယ်။ messageပို့လာတဲ့ လူငယ်ကတော့ ဘုမသိဘမသိပါ။
သူ့ကို အကျိုးသင့်အကြောင်းသင့် ပြန်ရှင်းပြပြီး ပုံစဆွဲပေမယ့်
စိတ်တိုသွားတော့ ဆွဲလို့မကောင်းတော့ဘူး။ ဖြတ်ရ ညှပ်ရ ဖာရထေးရတဲ့နေရာမှာ
စိတ်ရှည်ရှည်ထားလို့ မရတော့ဘူး။ လက်ရာက မသေသပ်တော့ဘူး။ ကျွန်ုပ်ကလည်း
လူတမျိုး။ စိတ်တိုင်းမကျမခြင်း ဆွဲလိုက်ဖျက်လိုက်နဲ့ တော်တော့်ကို
အချိန်တွေကုန်သွားတယ်။ အလုပ်က မဖြစ်ဘူး။
ညသန်းခေါင်ကျော်သွားတော့မှ
နဲနဲ စိတ်ပြန်တည်ငြိမ်လာတယ်။ Chat offlineလုပ်ထားတယ်ဆိုပေမယ့်လည်း
ကြားထဲမှာ fbက ဝင်လာတဲ့ messageတွေကို လူမှုရေးအရ ပြန်ဖြေရသေးတယ်။ မနက်
၃နာ၇ီထိုးသွားတဲ့အထိ ပုံက မပြီးဘူး။ အမှန်ဆိုဒီလောက်မကြာသင့်ဘူးလေ။
အိပ်ယာနိုးလို့ မျက်စေ့နှစ်လုံးပွင့်တာနဲ့ စက်ဖွင့်ပြီး ဆက်ဆွဲရတာပေါ့။
ကော်ဖီလည်း စက်ဘေးမှာသောက် ၊ထမင်းကို စက်ဘေးမှာစား ၊လာသမျှဖုန်းတခုမှ
မကိုင် ၊ ရည်းစားကိုတောင် နှုတ်ဆက်စကားမပြောနိုင်ဘဲဆွဲတာေ
တာင် ပြီးသွားတော့
ပုံက စိတ်တိုင်းကျထွက်မလာဘူး။
စိတ်တိုင်းကိုမကျဘူး။
ကျွန်ုပ်ပုံဆွဲလာတဲ့ ပုံတွေထဲမှာ စိတ်တိုင်းမကျဘဲ၊ ကိုယ့်ကိုကိုယ်လည်း
ဘာလိုမှန်းမသိဘဲ လွှတ်လိုက်ရတာဆိုလို့ အဲသည့် ၂ပုံပဲရှိပါတယ်။
မိတ်ဆွေများလည်း တခုခု လိုနေတယ်လို့ ခံစားရရင် နားလည်ခွင့်လွှတ်ပေးပါလို့
မေတ္တာရပ်ခံပါတယ်။
မိတ်ဆွေအားလုံးကို ခင်မင်လေးစားစွာဖြင့်
နန္ဒာ(ဂျပန်)
ကွက်လပ်ဖြည့်ပေးပါ။
အထက်ပါပုံများကို
မြန်မာနိုင်ငံရှိ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသော
နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် သုံးစွဲမည်ဆိုပါက မည်သူမဆို
လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ ကူးယူသော ပုံများကို ပြုပြင်မှုတစုံတရာမှ
မလုပ်ဘဲ သုံးစွဲကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။
Everyone can use this picture without repairing.
0 comments:
Post a Comment