လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Friday, October 14, 2011

ကိုမင်းကိုနိုင်အတွက် (၄၉)နှစ်မြောက် မွေးနေ့လက်ဆောင်

ကျွန်ုပ်တို့ ကျောင်းသားလူငယ်များရဲ့ လမ်းပြကြယ်အဖြစ်လည်းကောင်း၊ မီးရှူးတန်ဆောင်အဖြစ်လည်းကောင်း
တင်စားခေါ်ဝေါ်ထိုက်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆော
င် ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်မြောက်မွေးနေ့ဟာ မကြာမီရက်ပိုင်းအတွင်းမှာ
ကျရောက်လာတော့မှာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်အောက်တိုဘာလ(၁၈)ရက်နေ့ဟာ ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်ပြည့်တဲ့ မွေးနေဖြစ်ပါတယ်။
သူ့မွေးနေ့အတွက် အလေးနက်ဆုံးဆုတောင်းကတော့ သူအမြန်ဆုံးလွတ်မြောက်လာနိုင်ပါစေ.............ဆိုတာပါပဲ။

အကိုမင်းကိုနိုင်မွေးနေ့အတွက် ထောင်ထဲက ဆွဲထုတ်ပေးလို့ မရပေမယ့်လည်း တခုခုတော့ လုပ်ပေးချင်တယ်။
အကယ်၍များ သူလွတ်လာရင် သူ့အတွက် အမှတ်တရတခုလောက် ပေးနိုင်ရင်ကောင်းမယ်လို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ပဲ အင်တာနက်ခေတ်ကြီးထဲမှာ
သူ့အတွက်နေရာလေး တခုကို ဖန်တီးပေးဖို့ စိတ်ကူးရလိုက်မိတယ်။ on line ရဲ့ တခြားဘယ်နေရာမှာမှ ရှာမတွေ့သေးတဲ့ သူ့အကြောင်းချည်းသက်သက်
စုစည်းထားတဲ့ ဘလော့ဒ်တခုကို ဖန်တီးပြီး သူ့ကို လက်ဆောင်ပေးဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သုံးလို့လည်းမကုန်တဲ့၊ ဘယ်တော့မှလည်း ပုပ်သိုးမသွားတဲ့၊ စာပေနိုင်ငံရေးသမား ကိုမင်းကိုနိုင်အတွက်လည်း
အလွန်အသုံးဝင်မယ်လို့ ယူဆရတဲ့  (minkonaing88.com) လို့ အမည်ပေးထားတဲ့ ဘလော့ဒ်တခုကို
သူ့ရဲ့ ၄၉နှစ်မြောက် မွေးနေ့အဖြစ် မွေးနေ့လက်ဆောင်ပေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်သာ တကယ်ပဲ ၂၀၁၁ခု၊
အောက်တိုဘာလ၊၂၉ရက်နေ့မှာ လွတ်လာခဲ့ရင် ..............................................................................

သူ့အတ္ထုပ္ပတ္တိလို့တော့ ပြောလို့မရသေးပေမယ့် အချိန်တိုလေးအတွင်းမှာ ကျွန်ုပ်တို့ လက်လှမ်းမီသလောက်
စုစည်းတင်ပြထားပါတယ်။လိုအပ်ချက်တွေ လွဲနေတာတွေလည်း ရှိနိုင်ပါတယ်။ အပြုသဘောဝေဖန်မှုတွေကို ကြိုဆိုပါတယ်။
ကျွန်ုပ်တို့ domain ဝယ်ထားတာ ရက်မကြာသေးတဲ့အတွက် အခုလောလောဆယ် ကိုမင်းကိုနိုင်ဘလော့ဒ်ကို ဝင်ကြည့်မယ်ဆိုရင်
http://minkonaing54.blogspot.com/   ဆိုတဲ့ linkကို နှိပ်ပြီး ဝင်ကြည့်ဖို့ မေတ္တာရပ်ခံပါတယ်။ ကိုမင်းကိုနိုင်လွတ်လာတဲ့ရက်လောက်
ဆိုရင်တော့ minkonaing88.com ဆိုတဲ့ လိပ်စာနဲ့ကြည့်လို့ ရနေလောက်ပါပြီ။
 
လေးစားစွာဖြင့်
နန္ဒာ(နိဟွန်း)

2 comments:

Baby taster said...

ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ
ဆန္ဒနဲ့ ဘ၀တထပ်တည်းကျပါစေလို့ ဆုတောင်းနေပါတယ်။

Unknown said...

Baby Tasterဆုတောင်းအမြန်ပြည့်ပါစေ။

Post a Comment