လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ။

Friday, November 5, 2010

ကမ္ဘာတဝှမ်းရှိ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြခြင်းများကို တတ်နိုင်သလောက်စုစည်းတင်ပြထားပါသည်။

မြန်မာပြည်တွင်းရှိလူငယ်များအတွက် အထူးရည်ရွယ်ပါသည်။

မလေးရှားနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြပွဲ



ယနေ့ (၄. ၁၁. ၂၀၁၀ ) မနက် ၁၀ နာရီ မလေးရှားနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ရွေးကောက်ပွဲအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မလေးရှားနိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (မလေးရှားဌာနခွဲ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)၊ Burma Campaign Malaysia နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေကြသောသူများ ပူးပေါင်း၍ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုအဖြစ် ဖွဲ့စည်းကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မလေးရှားအာဏာပိုင်များမှ ဆန္ဒပြသူများအား မြန်မာသံရုံးရှေ့တွင် လုံးဝဆန္ဒပြခွင့်မပြုဘဲ သံရုံးအနောက်ဖက်ရှိ လက်ဖက်ရည်ဆိုင်ရှေ့၌သာ ပိုစတာကမ်ပိန်းပြုလုပ်ခွင့်ပေးခဲ့သည်။ အာဏာပိုင်များခွင့်ပြုခဲ့သောစည်းကမ်းအတိုင်းလိုက်နာ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာနေရာသို့ သံရုံးမှဝန်ထမ်းနှစ်ဦးမှ ဓာတ်ပုံလာရိုက်၍ မိုက်ရိုင်းစွာပြောဆိုမှုကြောင့် ဆန္ဒပြနေသောလူငယ်များနှင့် အခြေအတင်အနည်းငယ်ဖြစ်ခဲ့ပါသည်။

မလေးရှားအာဏာပိုင်များ၏ မည်သည့်အခွင့်အရေးမှ မပေးသည်ကို ထုတ်ဖော်လိုသောအားဖြင့် ဆန္ဒပြသူများသည် မိမိပါးစပ်အား လက်ဝါးနှင့်ပိတ်ကာ အသံတိတ်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လူအင်အားအယောက် ၇၀-ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။



အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြပွဲ
၃၊၁၁၊၂၀၁၀ ရက်နေ့ တွင် အိန္ဒိယ နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ မှာ ကျင်းပမယ့် အတုယောင် ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက ဂျန်တားမန်းတားတွင် ဆိုလိုဂမ်များ သီဆို၍ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်..... ထိုဆန္ဒပြပွဲတွင် လူပေါင်း (၇၀၀) ကျော် တက်ရောက် ပါဝင်ခဲ့ပါတယ်....။


အင်္ဂလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( ကိုရီးယားဌာနခွဲ ) ၏ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး နှင့်ပတ်သက်၍ ပြည်သူလူထုထံ ပန်ကြားချက်
Appeal to All Burmes Nationalites ![1]


၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီ တက်ဆန္ဒပြပွဲ(တိုကျို)
စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးနေသည့် ဂျပန် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO) ၊ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)နှင့် ၊ Human Rights Watch ၊ Human Rights Now ၊ NGO အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တိုကျိုမြို့ Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်လျှောက်၍ Hibiya ပန်းခြံတွင် အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း သိရှိရပါသည်။

Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင် စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ လက်မခံ ဆန်ကျင် ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံတို့ကို ချက်ခြင်း လွတ်ပေးရန်း ၊ ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ ထိရောက်သည့် အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ဂျပန်အစိုးရမှ ပိုမိုထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်ပေးစေလိုသည့် တိုက်တွန်း တောင်းဆိုချက်များကို မြန်မာ့အရေးကို အားပေးကူညီသည့် ဂျပန်လွတ်တော် အမတ်များသမဂ္ဂ ကနေတဆင့် ဂျပန်အစိုးရ တာဝန်ရှိသူများထံသို့ သွားရောက် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။






ဂျပန်နိုင်ငံTBSသတင်းဋ္ဌာနမှထုတ်လွှင်ခြင်း




သတင်းရင်းဖြစ်များ။ ။http://www.mgpala.com/
http://flyingpeacock.blogspot.com/
http://www.demowaiyan.co.cc/

0 comments:

Post a Comment