ယနေ့ ၂၁ရက် နိုဝင်ဘာလ၂၀၁၀ခုတွင် ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(ဂျပန်)အနေဖြင့် ရွေးကောက်ပွဲ ပြီးဆုံးသွားသော်လည်း ရွေးကောက်ပွဲ မသမာမှုများကို ဆက်လက် စုံစမ်းဖေါ်ထုတ်ရန် အလို့ငှာ ကော်မတီ၏ သက်တမ်းကို ဆက်လက်တိုးမြင့်လိုက်ပါသည်။
ကော်မတီအနေဖြင့် ရွေးကောက်ပွဲ မသမာမှုများကို စုံစမ်းဖေါ်ထုတ်သွားပါမည်။ တဖက်မှလည်း ပြည်တွင်းရှိ ပြည်သူတို့၏ အခြေအနေများကို သုံးသပ်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လမ်းညွှန်မှုနှင့်အတူ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက်လည်းကောင်း၊ မတရား ဖမ်းဆီးထောင်ချခြင်း ခံနေရသော နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး တောင်းဆိုရေး လုပ်ငန်းများ ကိုလည်းကောင်း ဆက်လက် လှုပ်ရှားလုပ်ကိုင်သွားမည်။
သို့ဖြစ်ပါ၍လည်း ကော်မတီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် စိတ်ပါဝင်စားစွာ ပေါင်းပူးဆောင်ရွက်လိုသော မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမဆို လှိုက်လှဲစွာ ဖိတ်ခေါ်လျက်ရှိပြီး စည်းလုံး ညီညွတ်စွာဖြင့် ဒီမိုကရေစီ လမ်းစဉ်နှင့်အညီ ပူးပေါင်းဆောင်ရွက် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရပါသည်။
သတင်းမှတ်တမ်း။ ။AYE NANDAR AUNG
ဓါတ်ပုံ။ ။MAI KYAW OO
1 comments:
good news ......... thanks
Post a Comment